ရာဘာစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံအများစု၏ အဓိကထုတ်လုပ်သူမှုမှာ small holder ခေါ် ခြံငယ်များမှဖြစ်သည် ။ သတ်မှတ်ချက်များအရ ဟက်တာ 40 (သို့) ဧက 80 အောက်ကို ခြံငယ် ၊ 80 နှင့် 200 ကြားကို ခြံလတ် ၊ 200 နှင့်အထက်ကိုခြံကြီး ဟုလက်ခံထားကြ၏။ အများစုသော ထုတ်လုပ်သူ SH များ၏ လက်တွေ့လိုက်နာဆောင်ရွက်နေသောအလေ့ အထများက သက်ဆိုင်ရာ နိုင်ငံများ၏ ထုတ်လုပ်မှု စွမ်းအားအပေါ် ကြီးစွာသော သက်ရောက်မှု ရှိသည်။ ၎င်း SH များအနက် အများစုမှာလည်း မှားယွင်းသော နည်းလမ်းများကို ကျင့်သုံးနေကြသည် ဖြစ်ရာ ထုတ်လုပ်မှု စွမ်းအားမြှင့်တင်ရေးအတွက် SH များအတွက် နည်းပညာနှင့် ဘဏ္ဍာရေးပိုင်းဆိုင်ရာ အကူအညီပေးရေးမှာ အလွန်အရေးကြီးလေသည်။ ဤစာတမ်းက အဆိုပါလိုအပ်ချက်ကို တစ်စိတ်တပိုင်းဖြည့်ဆည်းနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
မှန်ကန်သော နည်းစနစ်များကို အဘယ်ကြောင့် လိုအပ်ပါသနည်း။ ရာဘာပင်၏ စီးပွားဖြစ်သက်တမ်းမှာ နှစ် 25 မှ 30 ကျော်အထိရှိပေရာ နည်းစနစ်မှားယွင်းမှုများ ရှိပါက SH များမှာ ၄င်းအကျိုးဆက်ကို ကာလရှည်ကြာစွာ ခံစားရသည့်အပြင်မိသားစု လူမှုစီးပွားဘ၀များကို လည်း ထိခိုက်၏ ။ အသိပညာချို့တဲ့မှု ၊ ထောက်ခံနည်းစနစ်များနှင့် အလှမ်းကွာမှု ၊ ပညာပေးအဖွဲ့အစည်းများ လက်လှမ်းမမှီမှုနှင့်မလုံလောက်မှု ၊ အရင်းအနှီးချို့တဲ့မှုများက SH များ၏ နည်းစနစ်ပိုင်းဆိုင်ရာ မှားယွင်းမှုကို ဖြစ်စေသောအဓိကရေသောက်မြစ်များ ဖြစ်ပေသည်။ အောက်ပါ အချက်များမှာ နိုင်ငံအသီးသီးရှိ SH များ၏ ဆင်တူသော နည်းစနစ်အမှားများဖြစ်ပြီး မြန်မာရှိ ရော်ဘာစိုက်တောင်သူများ ၊ အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များအနေဖြင့် အလားတူ အမှားမျိုးကို မပြုလုပ်မိစေရန် တိုက်တွန်းပါသည် ။
(1 ) Land Perparation
စိုက်ပျိုးရန်မြေပြုပြင်ခြင်းသည် အခြေခံအကျဆုံး လုပ်ငန်းဖြစ်၏ ။ တောင်းကုန်းများပေါ်၌ စိုက်ပျိုးသောအခါ သစ်တုံးအကြွင်းအကျန်များအား မြေပြုပြင်စဉ်ကတည်းက အပြီးသတ် ဖယ်ရှားသင့်သည်။ သို့မဟုတ်ပါက မိုးရွာသောအခါ ဆိုးရွားသော မြေင်္ဆီလွှာတိုက်စားမှုများကိုဖြစ်ပေါ်စေပြီး ကွန်တို လိုင်းများတစ်လျောက် မျောပါလိမ့်ဆင်းလာသော သစ်တုံးအကြွင်းအကျန်များကြောင့် စိုက်ပင်များ ထိခိုက်ပျက်စီးစေသည်။ အခင်းဟောင်းများကိုခုတ်လှဲပြန်စိုက်သောအခါ ရာဘာငုတ်ဟောင်းများအား အကုန်အစင် မဖယ်ရှားခြင်း။ ၎င်းကြောင်. white & Brown root disease ခေါ် အမြစ်ရောဂါများ ကျရောက် ပြန့်ပွားစေသည် ။ တောင်စောင်းများတစ်လျှောက် စိုက်ပျိုးသောအခါ ကွန်တို မပြုလုပ်ခြင်းကြောင့် မြေဆီလွှာတိုက်စားခြင်း ၊ ထည့်သွင်းထားသော မြေဆီသြဇာများ ရေနှင့်အတူ လိမ့်ဆင်းမျောပါ ဆုံးရှုံးရသည်။
(2) Planting Seeds And Seedlings Claimed To Be As Good As Buddings
စိုက်ခင်းတည်ထောင်ရာတွင် ပျိုးပင်များ သန်စွမ်းကျန်းမာကြီးထွားခြင်းနှင့်အရွယ်အစားတူညီရေးမှာ အလွန်အရေးကြီးသည်။ သို့မှသာ အစေးလှီးရန်အရွယ်ရောက်ချိန်ကို 6 နှစ်အောက်သို့ လျော့ချနိုင်မှာဖြစ်ပြီး အစေးလှီးပင်အများစုကို တစ်ကြိမ်တည်းဖြင့်များများရရှိနိုင်ပေမည်။ ဤအချက်များအတွက် အခြေခံအကျဆုံးမှာ ပျိုးခင်းစတင်တည်ထောင်စဉ် စိုက်ပျိုး
ရန်ရွေးချယ်ထားသော မျိုးစေ့များ၏ လတ်ဆတ်မှု နှင့်အပင်ပေါက်နှုန်းကောင်းရေးဖြစ်သည်။
(3) Budded Stumps Not Properly Handling
အဖူးကူးအောင်ပင်များအား သယ်ဆောင်ရွှေ့ပြောင်းရာတွင် အားနည်းခြင်း။ ၎င်းကြောင့် ပျိုးပင်များနာပြီး သန်စွမ်းမှုကို ထိခိုက်၏။ ထို့ကြောင့် စိုက်ခင်းတွင် စိုက်ပျိုးသောအခါ အသေအပျောက်များခြင်း ၊ ကြီးထွားနှုန်းနှေးခြင်းများ ဖြစ်ရသည်။
(4) Raising Buddings In Small Polybags
ပျိုးပင်ထည့်သော ပို လီဘက်အိတ်သေးငယ်ခြင်းကြောင့်မြေသားပါ၀င်မှု နည်းခြင်း ၊ ရေနည်းခြင်း နှင့်လုံလောက်သော မြေသြဇာကျွေးမှုနည်းခြင်းကြောင်. သန်စွမ်းသော ပျိုးပင်အရနည်းရ၏။ အခင်းတွင် ချစိုက်ပျိုးသောအခါတွင်လည်း အောင်မြင်မှုနည်းရ၏။
(5) Planting Seedling & Planting Of Bare Root Budded Stumps Directed To The Field
အစေ့စိုက်အပင်များ စိုက်ပျိုးခြင်းကြောင့်နိမ့်ပါးသော အထွက်နှုန်းကိုသာ ရရှိခြင်း။ အဖူးကူးအောင်
ထားသော bare root budded stumps များကို စိုက်ခင်းတွင် တိုက်ရိုက်ချစိုက်ပျိုးခြင်းကြောင့် အောင်ချက်ထိခိုက်သည့်အပြင် အပင် မညီညာမှုနှင့် မကြာခဏ ဖာထေးရမှုများဖြစ်ရ၏။
(6) Only Plant Recommendned Clones Of Authentic Materials Produced By Reliable Nursery Operators
မြင့်မားတည်ငြိမ်သော အထွက်နှုန်းကို ရေရှည်ရရှိနိုင်ရေးအတွက် မျိုးရွေးချယ်မှု မှန်ကန်ရန်လိုအပ်သလို နည်းပညာအရ လိင်မဲ့မျိုးပွားခြင်းက သေချာသည့်အတွက် အဖူးကူးပင်များကိုသာ စိုက်ပျိုးရမည်။ ၎င်းအပြင် မျိုးစစ်မှန်ရေးအတွက် ယုံကြည်စိတ်ချရသောပျိုးခင်းများ လိုင်စင်ရှိပျိုးခင်းများမှ ပျိုးပင်များ ရယူသင့်သည် ။
(7) Smiple Technique To Determine High and Low Yield Potential
ထွက်နှုန်းကောင်းသော မျိုးဖြစ်ခြင်း မဖြစ်ခြင်းကို စမ်းသပ်ရေးအတွက် လွယ်ကူရိုးစင်းသော စမ်းသပ်နည်းမှာ အရွက်ကို ခူးဆွတ်၍ အနားအား ဓားထက်ထက်ဖြင့်လှီးကြည့်ခြင်း ၊ အခေါက်အား ဓားဒါဏ်ရာ မနက်စေပဲ လှီးကြည့်ခြင်းဖြင့်သိနိုင်၏။
(😎 Field Budding is Not Recommended
စိုက်ခင်းအတွင်း အစေ့စိုက်ပင်များစိုက်ပျိုးပြီးမှ အဖူးကူးခြင်းသည် မှန်ကန်သော နည်းစနစ်မဟုတ်ချေ။အကျိုးဆက်အားဖြင့် ဖူးဆက်နေရာမှ ဆင်ခြေထောက်ဖြစ်ပီး ရောဂါ၀င်ခြင်း ၊ အစေးလှီးဧရိယာလျော့နည်းခြင်း ၊၎င်းနေရာသို့ရောက်သည်နှင့်အစေးထွက်ကျဆင်းခြင်းတို့ကို ဖြစ်စေသည်။ အဖူးကူးအောင်ချက်လည်းကျသည့်အပြင် မညီညာသောအပင်များကိုလည်းဖြစ်စေသည်။
(9) Pollarding And Low Branching
ကိုင်းထွက်စေရန် ခေါင်ဖြတ်ပြုပြင်ခြင်းသည် ကောင်းမွန်သော အလေ့အထမဟုတ်ချေ။ ၎င်းနေရာမှရောဂါ၀င်ခြင်း ၊ မညီညာသော ကိုင်းထွက်မှုများဖြစ်ပြီး အပင်ဟန်ချက်မညီခြင်း ၊ ဟန်ချီမညီသော ကိုင်းများကြက်ပေါင်ပဲ့ခြင်းများဖြစ်ပေါ်စေ၏။ ၎င်းအပြင် ကိုင်းအနိမ့်ထွက်ခြင်းကြောင့် အစေးလှီးဧရိယာလျော့နည်းစေသည်သာမက နောက်ဆုံးပေါ် Gaseous Stimulation က အမြင့်ပိုင်းအစေးလှီးမျက်နှာပြင်များအတွက် ပိုသင့်တော်သောကြောင့်ဖြစ်၏။ အကောင်းဆုံးမှာ အပင်အမြင့် 13 ပေ ( 4 meter ) အထက်တွင် ကိုင်းထွက်စေရန် ပြုပြင်ခြင်းဖြစ်သည်။ ခုတ်လှဲချိန်တွင် high branching က မြင့်မားသော သစ်အထွက်ကိုလည်း ပေးနိုင်သည်။
(10) Bad tapping
နေ့စဉ်အစေးလှီးခြင်း ၊ အခေါက်ဒါဏ်ရာရခြင်း ၊ အခေါက်ကုန်နှုန်းများခြင်း ၊ အစေးထွက်လှုံ့ဆော်
ဆေးများလွန်ကဲစွာ သုံးခြင်းများက ဆိုးရွားသော အစေးလှီးစနစ်ပင် ဖြစ်၏။ ၎င်းကြောင့် အခေါက်ခြောက်အစေးခန်းခြင်း ၊ ထွက်နှုန်းကျခြင်း ၊ ရောဂါ၀င်ခြင်း ၊ အခြောက်အစေးသားပါ၀င်မှု ( DRC ) ကျခြင်း နှင့်ရေရှည်အစေးထွက်ကျဆင်းမှု အလားအလာများ
ကြုံတွေ့ရကာ စီးပွားရေး သက်တမ်းကို တိုတောင်းစေသည်။ အထူးသဖြင့် Stimulants ဆေးများသုံးရာတွင် ထုတ်လုပ်သူ၏ ညွှန်ကြားချက်အတိုင်း လိုက်နာရန် အထူးလိုအပ်သည်။
(11) How to Control Bark Consumption
အခေါက်ကုန်နှုန်းကျဆင်းမှုကို ထိန်းချုပ်ရန်လိုအပ်သည်။ တစ်လစာ တစ်နှစ်စာ အမှတ်အသားများပြုလုပ်ထိန်းချုပ်နိုင်၏။
(12) Cause Of Panel Dryness
အစေးလှီးမျက်နှာပြင်ခြောက်သွေ. အစေးခန်းခြင်း၏အကြောင်းရင်းများတွင် Bad tapping ကြောင့်သာမက လုံလောက်သော မြေသြဇာ မထည့်သွင်းခြင်းမှာလည်း အကြောင်းတစ်ရပ်ဖြစ်၏။ အချို့သော Clone များ ဥပမာPB 260 ကဲ့သို့သော မျိုးများသည် စနစ်ကျစွာ မစီမံပါက ဤရောဂါ ကျရောက်နိုင်သည်ဟု သံသယဖြစ်စရာအကြောင်းတစ်ချို့ရှိ၏။ ရောဂါကို ကုစားရန် အပင်ကို အနားပေးခြင်း ၊ NPK + Trace Elements 10 gram ကို ရေတစ်ဂါလန်နှုန်းရောစပ် ၍အပင်အောက်ခြေမှ အမြင့် 15 ပေ အထိ တစ်လ 4 ကြိမ်နှုန်းဖြင့် တစ်နှစ် 3 ကြိမ်ဖြန်းရန်။
(13) Failure To Identify And Treat White Root Disease Timely
စိုက်ခင်းအတွင်း အပင်သေခြင်းဖြစ်ပါက အမြစ်ကို တူးကြည့်ပြီး ရောဂါအမည်တပ်ရန်။ အထူးသဖြင့် ဆိုးရွားစွာ ပြန့်ပွားတတ်သော white rootdisease မပြန့်ပွားရေး ကာကွယ်ရန်။
(14) Wrong Placement Of fertilizer
မြေသြဇာထည့်သွင်းပုံမမှန်ကန်မှုကြောင့် အပင်မှကောင်းစွာမစားရကာ အလေအလွင့်ဖြစ်ခြင်း ၊ ကြီးထွားနှုန်းနှေးခြင်း ၊ အစေးထွက်နည်းခြင်း များအပြင် ပတ်၀န်းကျင်ကိုပါ ညစ်ညမ်းစေ၏။
(15) Should Use Well Designed Tapping Knives
ဒီဇိုင်းမှားယွင်းမှုနှင့်အရည်အသွေးညံ့သော ဓားများကြောင့် အစေးလမ်းကြော များကို ကောင်းစွာ မဖြတ်မိဘဲ အစေးထွက်ကျခြင်း ၊ မကြာခဏ အသစ်လဲရခြင်း ၊ ဓားစာအထူအပါးနှင့် နှိုက်ခြစ်ရန် ခက်ခဲခြင်းဖြစ်ရ၏။အစေလှီးလမ်းကြောင်း ထိပ်စမကျန်စေရန်လည်း ဂရုပြုရမည် ။
(16) Poor & Good Handling
အစေးခံခွက်များ သယ်ယူသော ပုံးနှင့်ယာဉ်များ ၊ အစေးခဲကန် ၊ ဗန်း ၊ စက်ရုံ ၊ အစေးခဲ အက်စစ်စသည်တို့မှန်ကန်ရန် ၊ သန့်ရှင်းရန် ၊ အထူအပါး ညီညာရန် ၊အမှိုက်ကင်းစင်ရေး ဇကာဖြင့်နှစ်ကြိမ်စစ်ရန် လိုအပ်သည်။ အထက်ပါအချက်များ မှားယွင်းပါက ထုတ်ကုန်အရည်အသွေးကျကာ စျေးကောင်းမရနိုင် ။
Rubber Industry တိုးတက်ပြီး တိုင်းပြည်၏ ကုန်ထုတ်လုပ်မှု စွမ်းအားမြှင်.တင်ရန် နည်းပညာနှင့်အရင်းအနှီးချို့တဲ့သော ၊ ထုတ်လုပ်ရေး အဓိကစွမ်းအားစုဖြစ်သော SH များကို ကူညီသင့်လှပေသည် ။ အစိုးရအဖွဲ့အစည်းများ ၊နည်းပညာနှင့်သုသေတနအဖွဲ့အစည်းများ ၊ တက္ကသိုလ်များကဲ့သို.သော Academic အဖွဲ့အစည်းများ ၊ IRRDB ကဲ့သို့သော NGO များ ၊ ယုံကြည်ရာစုဖွဲ့ထားသော ကုန်ထုတ်သမဝါယမအသင်းများ ၊ Industry အတွင်း ပါ၀င်နေသော Private Company များနှင့် ကုန်သည်ပွဲစားအသင်းအဖွဲ့များက SH များကို ကူညီခြင်းသည် မိမိတို့လောကတိုးတက်စေရန် ဆောင်ရွက်ခြင်းပင်ဖြစ်ပေသည်။
အချုပ်အားဖြင့်ဆိုရသော် ကောင်းမွန်သော ရာဘာစိုက်ပျိုးခြင်းအလေ့အထဆိုသည်မှာ တစ်ဧက၀င်ဆန့်မှုကို အပင် 220 မှ 250 မကျော်စေခြင်း ၊ အပင်ပုံစံ ကိုင်းထွက်ပုံစံမှန်အောင်ပြုပြင်ခြင်း ၊ အမြစ်နှင့် အစေးလှိးမျက်နှာပြင်တွင်ကျရောက်သောရောဂါများ မကျရောက်စေရန် ကာကွယ်ခြင်းနှင့် အရွယ်ရောက်ချိန်ကို 4 နှစ်မှ 5 နှစ်အတွင်းရအောင် ပြုစုခြင်းပင်ဖြစ်သည်။ သို့မှသာ အစေးထွက်နှုန်းကောင်းခြင်း ၊ ၀င်ငွေကောင်းခြင်းနှင့် စီးပွားရေးသက်တမ်းကို ရှည်ကြာစေပါမည် ။ ။
FIELD PRACTICE SMALLER HOLDER SHOULD AVOID By Tauddin Ismail
IRRDB WORKSHOP MYANMAR 21 To 26 OCTOBER 2013