အမှတ် (၂၉)၊ အခန်းနံပါတ် (၁၀၀၂)၊ ၁၀ လွှာ၊ UMFCCI၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။ : +၉၅၁၂၃၀၁၅၈၂ , +၉၅၉၅၁၀၇၈၄၄

Welcome To
Myanmar Sustainable Natural Rubber Assocation


နိုင်ငံတကာ သဘာဝရော်ဘာ စိုက်ပျိုးထုတ်လုပ်ရောင်းချ သုံးစွဲမှုအခန်းကဏ္ဠတွင် 2030 ခုနှစ်မှာ သဘာဝပတ်ဝန်းကျင် နှင့် သက်ရှိအားလုံးအတွက် လိုက်လျောညီထွေ ရေရှည်တည်တန့်သော လမ်းစဉ်များ SNR ( Sustainable Natural Rubber ) ဖြင့်ထုတ်လုပ်ရောင်းချကြောင်း အထောက်အထားများပြနိုင်မှသာ ထိုက်တန်သောစျေးနှုန်းများဖြင့် ဦးစားပေးဝယ်ယူသုံးစွဲတော့မှာဖြစ်ပါသည်။

ပြောင်းလဲလာသော နိုင်ငံတကာရော်ဘာစျေးကွက်လိုအပ်ချက်အရ မြန်မာ့သဘာဝရော်ဘာများကိုလည်း SNR များအဖြစ်ရောင်းချနိုင်ရန် ဦးဆောင်ကူညီဖော်ဆောင်ပေးမည့် Myanmar Sustainable Natural Rubber Association ( MSNRA )ကိုဖွဲ့စည်း၍ တရားဝင်မှတ်ပုံတင် ရရှိပြီးဖြစ်ပါသည်။

MSNRA မှ မြန်မာ့ SNR လမ်းညွှန်စည်းကမ်းသတ်မှတ်ချက်များကို နိုင်ငံတကာ စံညွှန်းများနှင့်အညီ ရေးဆွဲဖော်ဆောင်လျက်ခဲ့ပါသည်။

Myanmar Sustainable Natural Rubber Association ( MSNRA ) သည် မြန်မာ သဘာဝရော်ဘာ စိုက်ပျိုးထုတ်လုပ်ရောင်းချမှု ကွင်းဆက်ကဏ္ဌတွင်ပါဝင်နေကြသော ရော်ဘာတောင်သူများ ၊ရော်ဘာခြံပိုင်ရှင်များ၊ ရောင်းဝယ်ဖောက်ကားသူများ၊ စက်ရုံများ ပါဝင်လျက် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပါသည်။