အပိုင်း (၁)

မှိုင်းခံရာဘာပြားများတွင်တွေ့ရတတ်သောပြစ်ချက်များမှာ
(1) Bubbles (လေပူဖောင်းငယ်များ)
(2) Blisters (လေပူဖောင်းကြီးများ)
(3) Rusts (သံချေးကွက်များ )
(4) Tackiness ( အစေးပေါက်ခြင်း/ စေးကပ်ခြင်း)
(5) Greasiness (ရာဘာပြားချွဲခြင်း)
(6) Mould (မှို )
(7) Glossy Surface (အဆီပြန်ခြင်း)
(😎 Specky sheets (ဖားဥပုံစံအစက်အပြောက်များ)
(9) Ash particles on sheet (ပြာမှုံ များ)
(10) Tar spots and Black Streaks (ကတ္တရာစေးလိုအကွက်များနှင့်အမည်းအစင်းများ)
(11) Thick edges (အနားထူခြင်း)
(12) Discolouration of coagulum (အရောင်ပျက်ခြင်း)
(13) Flat roller prints (စက်ကြိတ်ရာအစင်းများ)
(14) Reeper Marks (တန်းရာများ)

စတဲ့အချက်များဖြစ်တယ်။ ဒီပြစ်ချက်တွေဟာ အစေးရည်အချဉ်ပေါက်ခြင်း ( Fermentation) ၊ ရာဘာပြားမျက်နှာပြင်များတွင်ဘက်တီရီးယားပေါက်ဖွားခြင်း( Enzymatic)တို့လိုအစေးရည်နှင့်ပက်သက်သည့်ပြစ်ချက်များပါသလို၊ ထုတ်လုပ်ရေးလုပ်ငန်းစဉ်တလျောက်အမြောက်အများအသုံးပြုရသောရေ၏အရည်အသွေး၊ ထည်သွင်းရသောဓာတုဗေဒပစ္စည်းများအချိုးအဆ ( Precoagulations Agent and other chemicals ratio)၊ Formic Acid ကဲ့သို့သော Bleaching Agents အနည်းအများတို့နဲ့လည်းပက်သက်ပါတယ်။ အများစုသောပြစ်ချက်တွေဟာထုတ်လုပ်ရေးအဆင့်တိုင်းတွင်မရှိမဖြစ်လိုသောသန့်ရှင်းမှုကိုအလေးဂရုမပြုခြင်း၊ နမော်နမဲ့ဆောင်ရွက်ခြင်းနှင့်မှန်ကန်သောထုတ်လုပ်ရေးအသိပညာမရှိခြင်းများကြောင့်ဖြစ်ရတယ်။

ဒီပြစ်ချက်များကိုလျှော့ချနိုင်ရေးအတွက် ထုတ်လုပ်ရေးအဆင့်တိုင်းကိုဂရုတစိုက်ဆောင်ရွက်ရန်လိုသလို၊ အသုံးပြုသော ရေ၏အရည်အသွေးကိုလည်းမဖြစ်မနေစစ်ဆေးရပါမယ်။ယေဘုယျအားဖြင့်ရှိရမည့်ရေ၏အရည်အသွေးကတော့

(1) Iron 1 mg/ litre
(2) Copper 0.5 mg / litre
(3) Manganese. 0.5 mg / litre
(4) Permanganate Value 20mg / litre
(5) Lime Content. 30 mg / litre
(6) Bicarbonate. 300 mg /litre
(7) Hardness. 60 mg / litre
(8) Floating Dirt 10 mg/ litre
(smaller than 325 mesh)
(9) pH 5.8 to 8

ဖြစ်ရပါမယ်။ ရရှိတဲ့အရင်းအမြစ်ပေါ်မူတည်ပြီးသုံးစွဲသောရေအားလိုချင်သောအရည်အသွေးရရှိရန်ပြုပြင်ရပါမယ်။အကြမ်းအားဖြင့် RSS နဲ့ Creep rubber 1 kg ထုတ်လုပ်ရေးအတွက်ရေ 30 လီတာ မှ 50 လီတာအထိလိုအပ်တယ်။

ဒါ့အပြင် Ammonia ကဲ့သို့သော Pre coagulation Agent များကိုထည့်သွင်းရာတွင်အချိုးအဆမှန်ကန်ရန်ဂရုစိုက်ပါမယ်။ အမိုးနီးယားများပါကအက်စစ်ပိုမိုထည့်သွင်းရခြင်း၊ အပြားအရောင်မည်းခြင်းများဖြစ်တတ်ပါတယ်။ မထည့်သွင်းပါကလည်း ရာသီအလိုက်ဖြစ်တတ်သောအစေးရည်အချဉ်ပေါက်ခြင်းနှင့်အစေးရည်သယ်ဆောင်ချိန်ကြာမြင့်ချိန်တွင်တစ်ဝက်တပျက်အစေးပျက်ခြင်းများဖြစ်တတ်တယ်။ထောက်ခံထားတဲ့အချိုးကတော့ w/ w ratio 0.2 to 0.4 % ဖြစ်ပါတယ်။ Enzymic ဖြစ်ခြင်းကိုကာကွယ်ရန်ထည့်သွင်းဖို့ထောက်ခံထားတဲ့ Agent ကတော့ Sodium Metabi Sulphite နှင့် bisulphite ဖြစ်တယ်။ ရာဘာအခြောက်သား 100 kg အတွက် 500 gram ကိုသုံးဖို့ထောက်ခံထားပါတယ်။ သတိပြုရမှာက ဒီဆေးကိုအရောင်လှစေရန်အတွက်လည်းသုံးတတ်ကြပြီး RSS ထုတ်လုပ်ရေးမှာအမြဲအသုံးပြုဖို့ထောက်ခံထားခြင်းမရှိပါ။ အထူးသဖြင့်ထုတ်လုပ်ရေးလိုင်းမှာဒီဆေးကိုအသုံးပြုပါက အက်ဆစ်နဲ့တွေ့တဲ့အခါဓာတ်ပြိုကွဲမှုဖြစ်တတ်ပြီးရာဘာအပြားမျက်နှာပြင်ပေါ်၌ အဖြူစက်များအမြောက်အများဖြစ်ပေါ်တတ်တယ်။ Enzymic ဖြစ်မှသာမဖြစ်မနေအသုံးပြုရန်နှင့်သုံးပါကလည်း အခြောက်ခံချိန် (Drying time)ကိုပိုပေးဖို့ညွှန်ကြားထားပါတယ်။ အရောင်ချွတ်ဆေး (washing soda) ကိုတော့အသုံးပြုဖို့လုံးဝမထောက်ခံထားပါဘူး။သူက အရောင်လှဆေးထက်ပိုဆိုးတဲ့အဖြူ စက်များကိုဖြစ်စေတဲ့အပြင် တရံတခါလေပူဖောင်းငယ်များကိုပါဖြစ်ပေါ်စေလို့ပါပဲ။

References
(1) Quality RSS production by OTHMAN ABD HALIM
(2) Processing Technology (Defects in Raw Rubber) by W.M.G. Senevirante